.

.
https://www.blogger.com/blogger.g?blogID=6499364803550887059#pageelements

Sunday, September 29, 2013

ဆန်ကောလောက်မှ ဇောက်မနက်သည့် ဘာသာခြားမြို့ဝန်ဘိုင်ဆက်

ဘိုင်ဆက်ဆိုသူဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးမဟုတ်ပါဘူး။ အိန္ဒိယကလာတဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။


သူရဲ့မူလအလုပ်ကတော့ တောလိုက်မုဆိုးဖြစ်ပါတယ်။ တောလိုက်မုဆိုးဆိုတော့ သိတဲ့အတိုင်းပါပဲ ဘယ်လိုသတ္တဝါမျိုးပဲဖြစ်ဖြစ်၊ သတ်ရဲ ဖြတ်ရဲတယ်။ အကုသိုလ်နှင့်စပ်ယှက်တဲ့ အလုပ်မှန်သမျှကို မိစ္ဆာဒိဋ္ဌိသမားပီပီ အကုန်လုပ်ရဲတယ်။ နောက်ပြီး စိတ်ကြမ်း၊ လူကြမ်း၊ စိတ်ယုတ် စိတ်ညံ့ရှိတဲ့ လူတစ်ယောက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီအချိန်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရွှေဘိုမင်း(သာယာဝတီမင်း)ရဲ့ သားတော် ပုဂံမင်းဟာလည်း နေ့စဉ်နေ့တိုင်း ကြက်တိုက်၊ ဂျိုးတိုက် နွားတိုက်စသည်ဖြင့် မကောင်းမှု အကုသိုလ်တွေနဲ့ အပျော်ကြူး သောက်စားမူးရစ်နေတဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ ဒီမှာတင်ပဲ ဘိုင်ဆတ်ဆိုသူနှင့် ပုဂံမင်းတို့ စိတ်တူကိုယ်တူ ဖြစ်ကာ ပေါင်းမိသွားကြပါတယ်။
 ဘိုင်ဆက်က “မင်းလိုလိုက် မင်းကြိုက်ခစား” ဆိုတဲ့စကားလို ပုဂံမင်းကြိုက်တတ်တဲ့ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးကို နေ့စဉ်မပြတ် ဆက်သခဲ့ပါတယ်။ ပုဂံမင်းလည်း ဘိုင်ဆက်က နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ဆက်သကာ ဖားပေါင်းနေတာကို အဟုတ်ကြီးထင်ကာ ဘိုင်ဆက်ကို မဟာကျေးဇူးရှင်ကြီးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီနေရာမှာတစ်ချက် သင်ခန်းစာယူရမှာက ဘာသာခြားဆိုတာမျိုးက ကိုယ်ကျိုးမရရင် ဘာမှ ပေးဆပ်တာမျိုးမရှိဘူးဆိုတာပါပဲ။ ပုဂံမင်းလို အရက်ကြိုက်တတ်သူကို အရက်ပေးမှာပါ။ မိန်းမလိုက်စားသူဖြစ်နေရင်လည်း မိန်းမနဲ့ မြှူဆွယ်မှာ ဖြစ်သလို ငွေကြိုက်တဲ့ မင်းဖြစ်နေမယ်ဆိုရင် ငွေပေးပြီး ပေါင်းသင်း စည်းရုံးမှာပါ။ ဒါဟာ သူတို့ရဲ့ မူယာ မာယာ ကလိန်ကကျစ်ဥာဏ်နှင့် စည်းရုံးသိမ်းသွင်းခြင်းတစ်မျိုးပါပဲ။
ဒါနဲ့ ပုဂံမင်းဟာ ဘိုင်ဆက်ရဲ့ကျေးဇူးတရားတွေကို သာမန်ဆုတော် လာဘ်တော်ပေးခြင်းဖြင့် ကျေးဇူးမဆပ်ဘဲ မြို့ဝန်ရာထူးပေးပြီး ကျေးဇူးဆပ်ခဲ့ပါတယ်။ သာမန်လူတန်းစား တောလိုက်မုဆိုး အရိုင်းအစိုင်းကောင် ဘိုင်ဆက်ဟာ ပုဂံမင်းက မြှောက်စားသူကောင်းပြုလိုက်သဖြင့် နေ့ချင်းညချင်းပဲ အတော်ဘုန်းကြီးသွားခဲ့ရပါတယ်။ ဒီအချိန်မှာ သူရဲ့ မကောင်းတဲ့ ဇာတိရုပ်ကို အစွမ်းကုန် သူတောင်းစားထမင်းဝတဲ့ မျက်နှာနှင့် ထုတ်ပြပါတော့တယ်။

အာဏာမရခင်ကတော့ သူတောင်းစားထမင်း မ-ဝတဲ့မျက်နှာနဲ့ ဟိုလူ့ရှိခိုး၊ ဒီလိုဦးချ၊ ပြည့်တန်စာမ လင်ရတဲ့မျက်နှာမျိုးနဲ့ လူတွေမျက်နှာသွေး၊ အာဏာလေးလက်ထဲ ရောက်လာတော့ ခွေးစားခွက်တောင် မကျန်အောင် ရသမျှအကုန်စားနေတဲ့ ဘိုင်ဆက်ဆိုသူဟာ ပုဂံမင်းရဲ့ မျက်နှာပေးမှုကို အခွင့်ကောင်းယူကာ တကယ့်ချောပေ့လှပေ့ဆိုတဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အနူလက်နဲ့ရွှေခွက်နှိုက်ဆိုသလို မတန်မရာ တစ်ယောက်ပြီးတစ်ယောက် အတင်းအဓမ္မသိမ်းပိုက်ပါတယ်။ မြို့ဝန်ဘိုင်ဆက်သိမ်းပိုက်ခဲ့တဲ့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးပေါင်း အယောက်လေးဆယ်ခန့် ရှိတယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ ပုဂံမင်းတောင် နန်းရမိဖုရားလေးပါး၊ အဆောင်ရ မိဖုရားလေးပါး စုစုပေါင်း မိဖုရားရှစ်ပါးသာရှိခဲ့ပါတယ်။ မြို့ဝန်ဘိုင်ဆက်ကတော့ ပုဂံမင်းထက် မယားတွေ သာလွန်ပြီး များပြားလှတဲ့ မြန်မာအမျိုးသမီးပျိုတွေကို အတင်းအဓမ္မသိမ်းပိုက်ကာ ကာမဂုဏ်စည်းစိမ်ကို ပျော်ပျော်ကြီးခံစားခဲ့ပါတယ်။ သူကိုယ်တိုင်သာ ရှင်ဘုရင်ဖြစ်ခဲ့မယ်ဆိုရင် (တနည်း) သူတို့ရဲ့ ပြည်အာဏာကို ယူမည်ဆိုတဲ့မူအရအတိုင်းသာ တကယ်သာ ပြည်အာဏာကိုရယူလိုက်ပါက အဲဒီအချိန်ကစလို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတာ အခုချိန်ရှိမည်တောင် မထင်တော့ပါ။ ပြီးတော့ သူသာ ရှင်ဘုရင်ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်လုံးရှိမိန်းမတွေကို သူ့မယားချည်းဖြစ်အောင်တောင် လုပ်မလားမပြောတတ်ပါ။

ဒါတင်မကသေးဘဲ ဘိုင်ဆက်ဟာ သူမစားတဲ့ အသားကိုလည်း မြို့သူမြို့သားတွေကို မစားရလို့ အမိန့်ထုတ်ပြန်ထားပါတယ်။ တကယ်လို့ သူမစားတဲ့ အသား စားသူတွေကို တွေ့ရှိပါက အပြစ်ကြီးကြီးပေးပြီး အရေးယူတတ်ပါတယ်။ ဒါထက်ညစ်ပတ်စုတ်ပဲ့တာကတော့ အဲဒီအသားတွေကို မြို့သူမြို့သားတွေရဲ့ အိမ်ထဲကို လူမမြင်အောင် ပစ်ထည့်ပြီး အပြစ်ရှာခြင်းပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင် အကွက်ဆင်ပြီး အိမ်ထဲကို ပစ်ချခံထားရတဲ့ မြို့သူမြို့သားတွေဟာ ရွှေတွေ၊ ငွေတွေ ပုံအောပြီး ပေးနိုင်မှသာ အမှုမှ လွတ်မြောက်နိုင်ပါတယ်။ မရှိလို့ မပေးနိုင်သူတွေကိုတော့ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်ပါတယ်။ မြို့သူမြို့သားတွေဟာ နေ့စဉ်နေ့တိုင်း သည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဘိုင်ဆက်ဟာ ဘယ်နေ့ ဒို့အိမ်ထဲအသားတွေ လာပစ်ချခံရမလဲလို့ စိုးရိမ်ကြောင့်ကြ ပူပန်နေရရှာပါတယ်။
ဘိုင်ဆက်ဟာ မြို့ဝန်ဘဝသက်တမ်း ငါးနှစ်အတွင်းမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပေါင်း နှစ်ထောင်ခန့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။ သူသတ်ဖြတ်ခဲ့တဲ့ လူပေါင်းအရေးအတွက်ဟာ အသေအချာ ရေတွက်ကြည့်ရင် တစ်နေ့ တစ်ယောက်ကျနှုန်းထက်တောင် ကျော်လွန်နေပါတယ်။ ဒါတောင် ပြည်အာဏာကို အကုန်မရသေးဘူးနော်။ အကုန်သာရခဲ့ရင်တော့ မတွေးစရာပါ။ ဒါကြောင့် ကုလားတွေကို ရပ်ကွက်လူကြီး၊ ကျေးရွာ၊ မြို့နယ် ခရိုင် တိုင်း၊ နိုင်ငံ၊ ပါတီ၊ လွှတ်တော်ထဲ အရောက်မခံကြရန် တိုက်တွန်းနေခြင်းပင်ဖြစ်ပါတယ်။

ဒီအကြောင်းကို ပုဂံမင်းကြားသိတော့ ဘိုင်ဆက်ကို မြို့ဝန်ရာထူးမှ ချပြီး ဖမ်းဆီးအရေးယူကာ အမရပူရမြို့လယ်မှာ ကားစင်တင် တံကျင်ထိုးပြီး ကွပ်မျက်လိုက်ပါတယ်။ အဲဒီလို ပြတ်ပြတ်သားသား နှိပ်ကွက်လိုက်ခြင်းဟာ ဗုဒ္ဓဘာသာတို့အတွက် အလွန်ကို တန်ဘိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ ဘိုင်ဆက်ရဲ့ ယုတ်မာမှုကို ပုဂံမင်းက အသိနည်းနည်းနောက်ကျ၍သော်လည်းကောင်း၊ ပြတ်ပြတ်သားသား မလုပ်ခဲ့ပါလျှင်သော်လည်းကောင်း၊ နောက်ထပ် ငါးနှစ်လောက်သာ မြို့ဝန်ရာထူးကို ဆက်ရှိနေဦးမည်ဆိုရင် မြန်မာလူမျိုးတွေကို မျိုးဖြုတ်ပြီး ထီးနန်း(ပြည်အာဏာ)ကို သိမ်းပိုက်မည့် အနေအထားမှာ ရှိနေမှာအမှန်ပင်ဖြစ်တော့သည်။ ခေါင်းဆောင်ပိုင်းများ အတုယူ သင်ခန်းစာယူသင့်သလို၊ အောက်လက်ငယ်သား ပြည်သူပြည်သားများလည်း သတိထား သံဝေဂယူကြပါဟု တိုက်တွန်းလိုက်ရတော့၏။

မှတ်ချက်။     ။ ဖိုးပညော(သပိတ်ကျင်း)၏ ဘာသာခြားမြို့ဝန်ဆောင်ပါးကို ဖြည့်စွက်ရေးသားထားသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

0 comments:

Post a Comment

ငါသည် လောက၌ ဆိုးသော အခြေ အ

နေ၌လည်း စိတ် မပျက် ရပါစေ နှင့် !

လောက၏ ကောင်းသောအခြေ အ နေ

ကို လည်း မတပ်မက် ရပါစေ နှင့်!

ကောင်းဒဏ်/ဆိုးဒဏ် ဤနှစ် တန် ကို

ခံနိုင် မည့် သူ ဖြစ် ရ ပါစေ လို၏!