.

.
https://www.blogger.com/blogger.g?blogID=6499364803550887059#pageelements

Monday, October 14, 2013

Windows Desktop ပေါ်က Shortcut တွေက မျှား (Arrow) တွေကို ဘယ်လိုဖယ်ရှားမလဲ....

 






ကျနော်တို့အလွယ်တကူအသုံးပြုချင်တဲ့ program တွေကို ကွန်ပြူတာ Desktop ပေါ်ကို shortcut အနေနဲ့ ပို့တဲ့အခါကျရင် အပေါ်ပုံဘယ်ဘက်အခြမ်းမှာ ပြထားတဲ့အတိုင်း မျှား(arrow) လေးတွေပါ ပါလာပါတယ်... သိပ်ပြီးအရေးကြီးတဲ့ ကိစ္စတခုမဟုတ်ပေမဲ့ ကြည့်ရတာ မျက်စိထဲမှာ ကန့်လန့်ဖြစ်နေ တယ်ဆိုရင် အဲဒီမျှားအကောက်လေးတွေကို Windows Shortcut Arrow Tool လေးနဲ့ ဖယ်ရှာလို့ရပါတယ်... ပြီးတော့ အစားထိုးလို့လည်းရပါတယ်...

ဒီအောက်က Windows Shortcut Arrow Editor Tool လေးတွေကို အရင်ဒေါင်းယူလိုက်ပါ... အထဲမှာ Zip file ထဲမှာ Window 7, Vista, window 8 (32 bit/ 64 bit) တွေအားလုံးအတွက် ပါပါတယ်... Zip ဖြေပြီးရင် မိမိကွန်ပြူတာ system နဲ့ ကိုက်ညီတာကို ရွေးပြီးတော့ WindowsShortcutArrowEditor ဆိုတဲ့ application လေးကို ကလစ် ၂ ချက်နှိပ်လိုက်ပါ... ဒါဆိုရင် အပေါ်ကပုံအတိုင်း Windows Shortcut Arrow Editor လေး မိမိတို့ရဲ့ Desktop ပေါ်မှာ ရောက်နေပါပြီ... no arrow ဆိုတာကို ရွေးလိုက်ရင်တော့ အပေါ်ပုံ ညာဘက်အခြမ်းမှာ ပြထားတဲ့အတိုင်း မျှားတွေ ပျောက်သွားပါလိမ့်မယ်... ဆက်ပြီးတော့ ဆက်လုပ်ချင်သေးတယ်ဆိုရင်တော့ သဘောအတိုင်းပါပဲဗျာ....:-)

0 comments:

Post a Comment

ငါသည် လောက၌ ဆိုးသော အခြေ အ

နေ၌လည်း စိတ် မပျက် ရပါစေ နှင့် !

လောက၏ ကောင်းသောအခြေ အ နေ

ကို လည်း မတပ်မက် ရပါစေ နှင့်!

ကောင်းဒဏ်/ဆိုးဒဏ် ဤနှစ် တန် ကို

ခံနိုင် မည့် သူ ဖြစ် ရ ပါစေ လို၏!